စီးပွားရေးလုပ်ငန်းတွေအတွက် ဒီဂျစ်တယ်ခေတ်ကို လက်ခံသုံးစွဲခြင်း၏ အကျိုးကျေးဇူးများ
Technology

စီးပွားရေးလုပ်ငန်းတွေအတွက် ဒီဂျစ်တယ်ခေတ်ကို လက်ခံသုံးစွဲခြင်း၏ အကျိုးကျေးဇူးများ

2024-08-01
၆ မိနစ် ဖတ်ရမည်
Douglas Business School

နည်းပညာ၏ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုကြောင့် လူထု ဘဝများ အလွန်ပြောင်းလဲသွားပါသည်။ ယနေ့ခေတ်ကို နည်းပညာအသုံးများဆုံးခေတ်၊ သတင်းအချက်အလက်ခေတ် (Information Age) သို့မဟုတ် ဒီဂျစ်တယ်ခေတ် (Digital Age) ဟု ခေါ်ကြပါတယ်။ နည်းပညာတိုးတက်မှုများကြောင့် သတင်းအချက်အလက်များကို စက္ကန့်အတွင်း မျှဝေနိုင်ခြင်းကြောင့် လူမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြောင်းလဲသွားနိုင်ခဲ့သည်။ ရိုးရာအလုပ်ရှာဖွေရေးနည်းလမ်းများမလိုတော့ပဲ အင်တာနက်မှတဆင့် သန်းပေါင်းများစွာ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပြီး၊ Internet of Things (IoT) မှ အကျိုးအမြတ် ရရှိစေနိုင်ပါသည်။ ဒီဂျစ်တယ်ခေတ်၏အကျိုးကျေးဇူးများ အများကြီး ရှိပါသည်။ အဲဒီထဲက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အရေးကြီးတဲ့ အချက်အလက်များ -

၁။ အသစ်ပေါ်လာနေတဲ့ စီးပွားရေးလုပ်ငန်း အလားအလာများ

"ယခင်ထဲက အောင်မြင်ဖို့ လမ်းကြောင်းဆိုတာ အလုပ်အကိုင် သို့မဟုတ် ဘွဲ့လွန်ပညာ တိုးတက်မှုပဲ ဖြစ်တတ်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ပုံစံတွေ အပြောင်းအလဲဖြစ်လာပြီး ရုံးခန်းမလိုတဲ့ အွန်လိုင်းလုပ်ငန်းတွေ၊ Metaverse အခြေခံ စီးပွားရေးလုပ်ငန်းတွေ ပေါ်လာပါတယ်။ အသက်ငယ်သူတွေအများအပြားဟာ အွန်လိုင်းစီးပွားရေး တည်ထောင်ဖို့ စိတ်ဝင်စားလာပါတယ်။ ဒီနည်းလမ်းဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို လွတ်လပ်စွာ ဖော်ပြနိုင်စေပြီး၊ တီထွင်စွမ်းရည်နှင့် စီးပွားရေးအတွေးအခေါ် ရှိရုံနဲ့ အောင်မြင်နိုင်ပါတယ်။"

၂။ ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်း

အွန်လိုင်းက လုပ်ငန်းအခွင့်အလမ်းတွေကို ဖန်တီးပေးသလို၊ အိမ်ထဲကနေတောင် ပရော်ဖက်ရှင်နယ်နက်ဝက် တွေကို တည်ဆောက်နိုင်ပါတယ်။ ဥပမာ – LinkedIn မှာ “Like” တစ်ချက်၊ "comment" တစ်ခု ပေးရုံနဲ့လည်း သူငယ်ချင်း၊ ပရော်ဖက်ရှင်နယ်များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ယခုခေတ်မှာ နက်ဝက်ချဲ့တိုးဖို့ ပိုမိုလွယ်ကူလာပြီ ဖြစ်ပါတယ်။

၃။ အတွေ့အကြုံနှင့် အသိပညာများ သင်ယူမျှဝေခြင်း

ဒီဂျစ်တယ်ခေတ်မှာ အတွေ့အကြုံနှင့် အသိပညာများကို အချိန်မီ သင်ယူမျှဝေနိုင်ခြင်း ကြောင့် တီထွင်နိုင်စွမ်း တိုးတက်နေပါတယ်။

  • Social Media, Video Conference, Screen Sharing တို့နဲ့ အချက်အလက်တွေကို ချက်ချင်း သင်ယူမျှဝေနိုင်ပါတယ်။
  • Graphic Design၊ ဓာတ်ပုံအနုပညာတွေကလည်း နည်းပညာတိုးတက်မှုကြောင့် အဆင့်မြင့်လာပါတယ်။
  • ကမ္ဘာတစ်ဝှမ်းရှိ ဓာတ်ပုံရှင်တွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို လွယ်ကူစွာ ဝင်ကြည့်နိုင်ပြီး ပိုင်ရှင်ကို Credit ပေးရုံနဲ့ အသုံးပြုနိုင်ပါတယ်။
  • Photoshop လို ပရော်ဂရမ်တွေကလည်း တီထွင်စွမ်းရည်ကို ထူးခြားစွာ ဖော်ထုတ်နိုင်စေပြီး ကုမ္ပဏီနဲ့ ထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်ထဲ ရောင်းချနိုင်အောင် ကူညီပေးပါတယ်။

ဒီဂျစ်တယ်ခေတ်က တီထွင်စွမ်းရည်၊ နက်ဝက်ချဲ့တိုးမှု၊ အလုပ်အကိုင်ဆိုင်ရာအခွင့်အလမ်းများ ဖန်တီးပေးထားပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တိုင်းဟာ ဒီအခွင့်အလမ်းတွေကို လုပ်ငန်းအောင်မြင်မှုအတွက် လိုအပ်သလို အသုံးချနိုင်ပါတယ်။ နည်းပညာရဲ့ တိုးတက်မှုဟာ ကုမ္ပဏီတစ်ခုကို တိုးတက်စေဖို့ အကျိုးရှိနိုင်သလို၊ အခက်အခဲများလည်း ဖြစ်နိုင်စေပါတယ်။ ယနေ့ခေတ်တွင် အချက်အလက် သိမ်းဆည်းမှု၊ ငွေပေးချေမှု၊ စာတမ်းစီမံခန့်ခွဲမှု တွေမှာ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုရန်မဖြစ်မနဖြစ်လာသည်။ ဒါကြောင့် ဒီဂျစ်တယ်ခေတ်ထဲမှာ အောင်မြင်ဖို့ တီထွင်နိုင်စွမ်းနဲ့ နည်းပညာအသုံးချမှု ကို အမြဲအချိန်မီ လေ့လာပြီး အသုံးချဖို့ လိုအပ်ပါတယ်။

နည်းပညာ ဒီဂျစ်တယ် စီးပွားရေး

Share this article

ဆက်စပ်ဆောင်းပါးများ

အိမ်မှာနေရင်း UK တက္ကသိုလ်ဘွဲ့ရယူနိုင်ပါသည် – ၁၀၀% အွန်လိုင်းလေ့လာခြင်း
ONLINE EDUCATION
၆ မိနစ် ဖတ်ရမည်
Online Education

အိမ်မှာနေရင်း UK တက္ကသိုလ်ဘွဲ့ရယူနိုင်ပါသည် – ၁၀၀% အွန်လိုင်းလေ့လာခြင်း

UK တက္ကသိုလ်ဘွဲ့တစ်ခုရယူဖို့ အိတ်ထုပ်ပိုးပြီး လေယာဉ်လက်မှတ်ဝယ်၊ နိုင်ငံခြားသို့ ခရီးထွက်ဖို့ မလိုအပ်တော့ပါဘူး။ အွန်လိုင်းပညာရေး နည်းပညာတိုးတက်မှုတွေကြောင့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု UK ဘွဲ့ကို အိမ်မှာနေရင်းလေ့လာနিုင်ပါပြီး။

MSc in Accounting and Finance ဖြင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍအတွင်းအခွင့်အလမ်းများကိုဖွင့်လှစ်ခြင်း
FINANCE
၇ မိနစ် ဖတ်ရမည်
Finance

MSc in Accounting and Finance ဖြင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍအတွင်းအခွင့်အလမ်းများကိုဖွင့်လှစ်ခြင်း

ငွေကြေးကဏ္ဍ (Finance Industry) ဆိုတာ ကမ္ဘာ့စီးပွားရေးစနစ်၏ အခြေခံကျောက်တုံးဖြစ်ပြီး၊ တိုးတက်မှုကို ဦးဆောင်ကူညီကာ၊ နည်းပညာတိုးတက်မှုကို မြှင့်တင်ပေးပြီး၊ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ကို ဖန်တီးပေးပါသည်။

အလုပ်ခွင်အတွက် လူ့အင်အား စီမံခန့်ခွဲမှု ဘာကြောင့် အရေးကြီးသလဲ
HR
၄ မိနစ် ဖတ်ရမည်
HR

အလုပ်ခွင်အတွက် လူ့အင်အား စီမံခန့်ခွဲမှု ဘာကြောင့် အရေးကြီးသလဲ

ယနေ့ခေတ် လှုပ်ရှားမှုများနှင့် ပြောင်းလဲမှုများပြည့်နှက်နေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် လူ့အင်အားစီမံခန့်ခွဲမှု (HRM) အခန်းကဏ္ဍသည် အလွန်အရေးပါသည်။

Ready to Advance Your Career?

Join thousands of professionals who have transformed their careers with Douglas Business School.