MBA (Master of Business Administration) ဆိုတာ ကုမ္ပဏီစီမံခန့်ခွဲရေးနဲ့ စီးပွားရေးအတွေ့အကြုံကို မြှင့်တင်ပေးမယ့် နာမည်ကြီး ဘွဲ့လက်မှတ်တစ်ခု ဖြစ်ပါတယ်။ ၂၀ ရာစုအစောပိုင်းကတည်းက စတင်ခဲ့ပြီး ယနေ့အချိန်အထိ ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် အဆင့်မြှင့်တင်လာခဲ့ပါတယ်။
MBA သင်ရိုးထဲမှာ ငွေကြေး၊ စျေးကွက်ရေး၊ လုပ်ငန်းစဉ်များ၊ မဟာဗျူဟာ၊ ဦးဆောင်မှု စသည့် အဓိကအချက်အလက်တွေကို ထည့်သွင်းပါဝင်ထားပါတယ်။ သင့်ရဲ့ ရည်မှန်းချက်က အဆင့်မြင့် စီမံခန့်ခွဲရေးရာဌာနချုပ် ကို ရောက်ချင်တာဖြစ်စေ၊ ကိုယ့်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတင်ချင်တာဖြစ်စေ၊ အလုပ်အသစ်တစ်ခုကိုလှဲချင်တာ ဖြစ်စေ—MBA က သင့်ကို အောင်မြင်ဖို့ လိုအပ်တဲ့ အတက်ပညာ၊ နည်းစနစ်၊ နက်ဝက်များကို ပေးစွမ်းနိုင်ပါတယ်။
၁။ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ခြင်း
ခေါင်းဆောင်ရာထူးများ – MBA သင်တန်းက အဆင့်မြင့် စီမံခန့်ခွဲမှုနဲ့ အမှုဆောင်ရာထူးများကို ရရှိစေပါတယ်။
အလုပ်အကိုင်လမ်းကြောင်းပြောင်းခြင်း – လုပ်ငန်းနယ်ပယ်အသစ်တစ်ခု သို့မဟုတ် လုပ်ငန်းအသစ်တစ်ခုကို အလုပ်လှဲဖို့ လိုအပ်သော ကျွမ်းကျင်မှုများကို ပေးစွမ်းသည်။
ဝင်ငွေတိုးတက်မှု – MBA ဘွဲ့ရသူများသည် ဘွဲ့တစ်ခုသာ ရရှိထားသူများနှင့် နှိုင်းယှဉ်လျှင် ပိုမိုမြင့်မားသော လစာများကို ရရှိကြသည်။
၂။ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ခြင်း
စီးပွားရေးအတက်ပညာ အပြည့်အစုံ – ငွေကြေး၊ စျေးကွက်ရေး၊ လုပ်ငန်းစဉ် စီမံခန့်ခွဲမှု၊ မဟာဗျူဟာ စတဲ့ အဓိကဘာသာရပ်တွေကို ပါဝင်ထားပါသည်။
ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများ (Soft Skills) – ဦးဆောင်နိုင်စွမ်း၊ ဆက်သွယ်အပြောအဆို၊ အဖွဲ့လိုက်အလုပ်လုပ်နိုင်စွမ်းတွေကို တိုးတက်စေပါတယ်။
၃။ နက်ဝက်ဆက်ဆံရေး အခွင့်အလမ်းများ
ဘွဲ့ရပြီးသူများ (Alumni) ကွန်ရက်– ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသားဟောင်း မိတ်ဆွေများထံမှ အလုပ်အကိုင် ညွှန်ကြားမှု၊ အခွင့်အလမ်းများ၊ စီးပွားရေးချိတ်ဆက်မှုတွေကို ရယူနိုင်ပါသည်။
လုပ်ငန်းအသိုင်းအဝိုင်းချိတ်ဆက်မှု – လုပ်ငန်းခေါင်းဆောင်များနဲ့ လုပ်ငန်းရှင်များကို အစည်းအဝေးများ၊ လေ့ကျင့်ခန်းများ၊ ပရောဂျက်များမှတဆင့် တွေ့ဆုံနိုင်ပါတယ်။
၄။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နိုင်ခြင်း
စီးပွားရေးစတင်မှု – ကိုယ့်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာ၊ အရင်းအမြစ်တွေကို သင်ကြားပေးသည်။
တီထွင်မှုနှင့် စိတ်ဖန်တီးမှု – စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အရေးကြီးတဲ့ တီထွင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို တိုးတက်စေရန် သင်ကြားပေးသည်။
၅။ ကမ္ဘာမြင်ကွင်း တိုးချဲ့ခြင်း
အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ – နိုင်ငံခြား လေ့လာခရီးများနှင့် နိုင်ငံတကာ ပရောဂျက်တွေမှာ လေ့လာလုပ်ကိုင်ရန် အခွင့်အလမ်းများ ရှိသည်။
ယဉ်ကျေးမှု နားလည်မှု – မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံများရှိ အဖွဲ့တွေကို စီမံခန့်ခွဲဖို့၊ လုပ်ဖော်ကိုင်ဖို့ လေ့လာသင်ယူနိုင်ပါတယ်။
MBA တက်ဖို့ ဆုံးဖြတ်ခြင်းသည် သင့်အလုပ်အကိုင် လမ်းကြောင်းကို လွှဲပြောင်းနိုင်မည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ MBA မှာ ရင်းနှီးမြှုပ်နှံခြင်းသည် ဘွဲ့ရယူခြင်းထက်ပိုပြီး — စီးပွားရေးကဏ္ဍထဲတွင် ယှဉ်ပြိုင်နိုင်စွမ်းရရှိခြင်း၊ ပရော်ဖက်ရှင်နယ် ကွန်ရက် တိုးချဲ့နိုင်ခြင်းနှင့် အောင်မြင်မှုအသစ်များ ဖွင့်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်စေသည်။
Enquire Now! UK တက္ကသိုလ်များမှ တရားဝင် အတည်ပြုထားတဲ့ MBA ပရိုဂရမ်များကို သင်ယူနိုင်ပါသည်။