MSc in Accounting & Finance – Gloucestershire
University of Gloucestershire မှ ပံ့ပိုးသည့် MSc Accounting and Finance Top-up ဘွဲ့သည် ငွေကြေးစီမံခန့်ခွဲမှုတွင် အဆင့်မြင့်အသိပညာနှင့် ကျွမ်းကျင်မှုများကို ပေးစွမ်းရန် အထူးဒီဇိုင်းရေးဆွဲထားသည့် သင်တန်းဖြစ်ပါသည်။
Course Information
ဤမဟာဘွဲ့ အကြောင်း
University of Gloucestershire (UoG) မှ MSc Accounting and Finance Top-Up ဘွဲ့ကို တက်ရောက်နိုင်ပါသည်။ ဤအစီအစဉ်သည် ငွေကြေးစီမံခန့်ခွဲမှုနယ်ပယ်တွင် အဆင့်မြင့် အသိပညာနှင့် ကျွမ်းကျင်မှုများရရှိစေရန်အတွက် အထူးဒီဇိုင်းရေးဆွဲထားပါသည်။
ဒီဂရီကို အောင်မြင်စွာပြီးမြောက်သူများသည် ငွေကြေးနယ်ပယ်အတွင်း အမျိုးမျိုးသော အလုပ်အကိုင်များတွင် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ ထိုအလုပ်အကိုင်များတွင်:
- Financial Analysis
- Investment Banking
- Risk Management
- Corporate Finance
- Financial Planning
ဘာကြောင့် DBS ကို ရွေးချယ်သင့်သလဲ?
ဤ ၁၀၀% Online သင်တန်းသည် သင်၏ အလုပ်နှင့် သင်ကြားမှုကို တစ်ပြိုင်နက် လိုက်လျောညီထွေ ဆောင်ရွက်နိုင်မည့် အလွယ်ကူဆုံးအခွင့်အလမ်း ဖြစ်ပါသည်။ သတ်မှတ်ထားသည့် အချိန်ဇယားမရှိသဖြင့် သင့်ကိုယ်ပိုင် Timetable ကို စိတ်ကြိုက် ချိန်ညှိ လေ့လာနိုင်မည် ဖြစ်ပါသည်။ ဤ Curriculum ကို အထူးကျွမ်းကျင်သော ပညာရေးအဖွဲ့အစည်းမှ အထူးဖန်တီးထားသဖြင့် သင့်အတွက် အဖိုးတန်ဆုံး အသိပညာများကို ရရှိမည်ဖြစ်ပါသည်။
သင်ရိုးအစီအစဉ်များ
ဤမဟာဘွဲ့သင်တန်းတွင် အဆင့် ၂ ခု ပါဝင်ပြီး၊ မဟာဘွဲ့ရရန် အောက်ဖော်ပြပါ Stage 1: Modules အားလုံးကို လေ့လာရမည်။ နောက်ဆုံးတွင် Assignments များကိုပြီးစီးပြီး Dissertation ကိုလည်း တင်သွင်းရမည်ဖြစ်ပါသည်။
အတန်းဖွဲ့စည်းပုံများ
Stage 1 : Qualifi level 7 Diploma in Accounting & Finance
- Strategy and Global Finance
- Strategic Financial Management
- Strategic Auditing
- Ethical Behaviour and Corporate
- Governance
- Corporate Reporting
- Financial Analyst
Stage 2 : MSc in Accounting & Finance
- Proposal
- Dissertation
လိုအပ်သော အရည်အချင်းများ
လျှောက်ထားသူများတွင် အောက်ပါ အရည်အချင်းများမှ အနည်းဆုံးတစ်ခုရှိရမည် –
- တက္ကသိုလ်မှ ဘွဲ့တစ်ခု (မည်သည့်အထူးပြုဘာသာဖြစ်စေ) + အလုပ်အတွေ့အကြုံ တစ်နှစ်အထက်
- Degree အဆင့်နှင့်ညီမည့် Professional Qualification + အလုပ်အတွေ့အကြုံ နှစ်နှစ်အထက်
- Diploma of Higher Education သို့မဟုတ် Equivalent Qualification + အလုပ်အတွေ့အကြုံ ငါးနှစ် (ထိုထဲမှ မန်နေဂျာအဆင့် အတွေ့အကြုံ နှစ်နှစ်အထက်)
- Diploma မရှိသော်လည်း အလုပ်အတွေ့အကြုံ ရှစ်နှစ်အထက် (ထိုထဲမှ မန်နေဂျာအဆင့် အတွေ့အကြုံ သုံးနှစ်အထက်)
ဘယ်လိုလျှောက်ထားရမလဲ။
သင်တန်းအသေးစိတ်အချက်အလက်များ သိရှိရန်
အောက်ပါနည်းလမ်းများမှ ဆက်သွယ်နိုင်ပါသည်:
Email: info@douglas.edu.mm
Make a Call : +95 9785152924
Viber: +95 9782368860
လက်မှတ်နမူနာ
ဤမဟာဘွဲ့ သင်ကြားရာမှ ရရှိမည့် အားသာချက်များ
- 100% Study Online.
- စာမေးပွဲမရှိ၊ Assignments သာရှိသည်
- တက္ကသိုလ်မှ အတည်ပြုပေးထားသော ဘွဲ့
- ၁ နှစ်အတွင်း သင်တန်းပြီးဆုံနိုင်သည်
- GMAT / GRE / IELTS / TOEFL လက်မှတ်များ မလိုအပ်ပါ